- αω essential 🗞️
- Posts
- Content Creation Checklist
Content Creation Checklist
Content တွေဖန်တီးရာတွင် စစ်ဆေးရမယ့်အချက်များ
အစီအစဉ်ဆွဲခြင်း (Planning)
• သင့်ပရိသတ်ကို သေချာရွေးချယ်ပါ။
• သူတို့ ဘာတွေကို ရုန်းကန်နေရလဲ ရှာဖွေပါ။
• သူတို့ ဘာတွေကို လိုချင်လဲ ရှာဖွေပါ။
• ပို့စ်တင်တဲ့ အကြိမ်ရေကို သတ်မှတ်ပါ။
• ပြက္ခဒိန်မှာ စာရေးမည့် အချိန်တစ်ခုကို သတ်မှတ်ပြီး အဲ့အချိန်တွေကို သေချာလိုက်နာပါ။
စာရေးခြင်း (Writing)
• စာကို မရေးခင်မှာ သေချာဖတ်ပါ။
• သင့်ရေးမည့် ပို့စ်ရဲ့ Goal ကို သတ်မှတ်ပါ။
• သင်ပစ်မှတ်ထားတဲ့ ပရိတ်သတ်ရဲ့ ရုန်းကန်နေရတာတွေထဲက တစ်ခုချင်းဆီကို ဖော်ပြပေးပါ။
• ပြီးရင် ဖြေရှင်းဖို့အတွက် အကြံပေးပါ။
• ပို့စ်ကို ပြန်လည်စစ်ဆေးပါ - ပို့စ်ထဲမှာ သင်ပေးထားတဲ့ အကြံက ထိရောက်မှုမရှိနိုင်ဘူးဆိုရင် ပြန်ပြီး ရေးသားပါ။
ပို့စ်တင်ခြင်း (Posting)
• အမြဲတမ်း တင်နေကျ အချိန်မှာ ပို့စ်ပုံမှန်တင်ပါ။
• Comment တွေကို အမြန်ဆုံး (Comment ပေးပြီး အများဆုံး ၁ နာရီအတွင်း) စာပြန်ပါ။
• Comment အားလုံးကို စာပြန်ပါ။
• Comment တွေမှာ သေချာရှင်းပြပေးပါ။
• ပို့စ်အသစ်များ ဖန်တီးရာမှာ Comment တွေကို အသုံးချပါ။
Reply