• αω essential 🗞️
  • Posts
  • 💰 Crypto Wallet တစ်ခု ဘယ်လို ဖွင့်ရမလဲ? Seed Phrase ကို ဘယ်လို သီးသန့် သိမ်းဆည်းမလဲ?"

💰 Crypto Wallet တစ်ခု ဘယ်လို ဖွင့်ရမလဲ? Seed Phrase ကို ဘယ်လို သီးသန့် သိမ်းဆည်းမလဲ?"

Crypto နယ်ပယ်ကို စတင်ဝင်ရောက်မယ်ဆိုရင် Wallet ဖွင့်ခြင်းနဲ့ Seed Phrase ကို သိထားရမှာ အရေးကြီးပါတယ်။ အချိန်တို‌ လေးနဲ့ အတူတူ လေ့လာလိုက်ရအောင်

မင်္ဂလာပါ

Crypto နယ်ပယ်သို့ စတင်ဝင်ရောက်လိုသူများအတွက် အဆင့်ဆင့် လမ်းညွှန်ချက်များကို မျှဝေလိုက်ပါတယ်။

Crypto Wallet တစ်ခု ဘယ်လို ဖွင့်ရမလဲ?

Step 1: ကိုယ့်အတွက် သင့်တော်သော Wallet ကို ရွေးချယ်ပါ။

- MetaMask: Browser Extension နဲ့ မိုဘိုင်း App အဖြစ် အသုံးပြုနိုင်သည်။

- Trust Wallet: မိုဘိုင်းဖုန်းတွင် အသုံးပြုမှု အများဆုံး Wallet တစ်ခုဖြစ်သည်။

Step 2: Wallet ကို Download နှင့် Install လုပ်ပါ။

- MetaMask: MetaMask Website မှ Download လုပ်ပါ။

- Trust Wallet: App Store သို့ Play Store တွင် ရှာဖွေ၍ Install လုပ်ပါ။

Step 3: အသစ်အကောင့်ဖွင့်ရန် 'Create a New Wallet' ကို ရွေးချယ်ပါ။

Step 4: Password သတ်မှတ်ပါ။

- လုံခြုံမှုအတွက် စာလုံး၊ ကိန်း၊ အထူးအက္ခရာများ ပါဝင်သည့် Password အသုံးပြုပါ။

---

Seed Phrase ဆိုတာ ဘာလဲ?

Seed Phrase ဆိုတာ သင့် Wallet ကို ပြန်လည်ရယူရန် အသုံးပြုသော စကားလုံး ၁၂ လုံး သို့မဟုတ် ၂၄ လုံး ပါဝင်သည့် စာစု ဖြစ်ပါတယ်။ တနည်းဆိုရရင် Wallet ရဲ့ သော့ Password လို့ ပြောနိုင်ပါတယ်။

အရေးကြီးချက်:

- အခြားသူများကို မမျှဝေပါနှင့်။

- အွန်လိုင်းပေါ်တွင် မသိမ်းပါနှင့်။

---

Seed Phrase ကို ဘယ်လို သိမ်းဆည်းမလဲ?

ပုံမှန်အားဖြင့် လိုက်နာရမည့် အချက်များ:

- လက်မှတ်စာရွက်ပေါ်တွင် ရေးသွင်းထားပြီး လုံခြုံသော နေရာတွင် သိမ်းဆည်းပါ။

- မိမိတစ်ယောက်တည်းသိသော နေရာတွင် သိမ်းဆည်းပါ။

- Seed Phrase ကို ပုံနှင့် Screenshot မယူပါနှင့်။ ယူရင်လည်း Drive စတဲ့ Cloud Storage တစ်ခုခု သို့မဟုတ် လုံခြုံတဲ့ နေရာတစ်ခုကို ပြောင်းထားပါ။

---

Seed Phrase ဘယ်လောက်အရေးကြီးလဲ?

- Wallet အကောင့် ပြန်လည်ရယူရန် အဓိကသော Key ဖြစ်သည်။

- Seed Phrase ကို ထိန်းသိမ်းနိုင်မှ Crypto များကို အပြည့်အဝ ပိုင်ဆိုင်နိုင်ပါသည်။

- Seed Phrase ပျောက်သွားပါက အကောင့်ကို ပြန်လည်ရယူ၍ မရနိုင်ပါ။

---

လုံခြုံစွာ အသုံးပြုရန် အကြံပေးချက်များ

- အသိပညာရှိခြင်း: Wallet နှင့် Seed Phrase အကြောင်းကို ဆက်လက်လေ့လာပါ။

- သံသယရှိစရာ လင့်များကို မနှိပ်ပါနှင့်။

- သင်၏ Private Key နှင့် Seed Phrase ကို မည်သူနဲ့မှ လုံးဝ မမျှဝေပါနှင့်။

---

Crypto နယ်ပယ်သို့ စတင်ဝင်ရောက်မည့် သူငယ်ချင်းတွေရှိရင် ဒီအချက်အလက်များကို မျှဝေ‌လိုက်ပါ

Reply

or to participate.