• αω essential 🗞️
  • Posts
  • 📝 CTA အတွက် အသုံးဝင်မယ့် အရေးအသားများ 📝

📝 CTA အတွက် အသုံးဝင်မယ့် အရေးအသားများ 📝

CTA အတွက် အသုံးဝင်မယ့် အသုံးအနှုန်းများနဲ့ အရေးအသားများ

ℹ️ CTA ဆိုတာ Call to Action ရဲ့ အတိုကောက်စကားလုံးဖြစ်ပြီး "တခုခုကို လုပ်ဆောင်ဖို့ အားပေးလှုံ့ဆော်တဲ့ အရေးအသား" လို့မှတ်ယူနိုင်ပါတယ်။ ကြော်ညာစာများ ရေးသားရာမှာ အများဆုံး အသုံးပြုကြပြီး မပါမဖြစ် ထည့်သွင်းရေးသားရမယ့် အရေးပါတဲ့ အချက်တစ်ခုအဖြစ် သတ်မှတ်ထားခြင်းကို ခံထားရပါတယ်။

CTA အတွက် အသုံးပြုနိုင်မယ့် အရေးအသားအချို့ကို အသုံးချနိုင်ဖို့ အထောက်အကူပြုဖို့ရာ ဖော်ပြပေးလိုက်ပါတယ်။

✏️ Comment အတွက် CTA အနေနဲ့

• သဘောတူ/မတူ အောက်က Comment မှာ ဖြေပေးသွားကြပါဦး

• ဒါမျိုးကြိုက်မယ့် ဘော်ဒါတွေရှိရင် Tag လုပ်ပေးနော်

လက်ခံတယ်ဆို အောက်မှာ မန့်ပေးသွားဦး

• Comment မှာ ဆွေးနွေးကြရအောင်

• သင့်ရဲ့ အယူအဆတွေကို Comment မှာ ဖော်ပြပေးနိုင်ပါတယ်

✏️ Offer အတွက် CTA အနေနဲ့

• ကွကိုယ် ဒီနေ့တော့ (#) မှာ ဆုချလိုက်တော့

• Suprise တိုက်ဖို့အတွက် Sign Up လုပ်လိုက်တော့

အဆက်မပြတ်ရှိနေဖို့ Newsletter ကို Subscribe လုပ်လိုက်ပါ

• မိုက်တယ်ကြိုက်တယ်မလာ? သေသေချာချာ ‌အဖြေရှာဖို့ Website ကိုဖွင့်လိုက်တော့

• (#) ကို အခုပဲ ဝယ်ယူရန် နှိပ်ပါ

✏️ Share အတွက် CTA အနေနဲ့

• ယခုပို့စ်ကို (စိတ်ဝင်စားမယ့်)သူတွေဆီ Share လိုက်ပါ

• အခုပဲ ဒီပို့စ်ကို သင့်သူငယ်ချင်းတွေကို Share လိုက်တော့

• တစ်ယောက်ယောက်အတွက် အကျိုးရှိသွားအောင် ဒီပို့စ်ကို Share နိုင်ပါတယ်

• Share ဖို့ မမေ့ကြနဲ့နော်

• အသုံးတည့်နိုင်မယ့်သူဆီ ဒါကိုမျှဝေပေးလိုက်ရအောင်

✏️ Like အတွက် CTA အနေနဲ့

• ဒါလေးက အကူညီဖြစ်သွားစေရင် Like လုပ်ခဲ့ပေးနော်

• ထောက်ခံတယ်ဆို Double Tap သွားပေး

• အတူတူပဲ ခံစားရတယ်ဆို Like နှိပ်သွားပေးနော်

• အကူညီပေးနိုင်ဖို့ Like ပေးပါဦး

• Like ပေးပြီးတော့ Support နိုင်ပါတယ်နော်

ယခု ဖော်ပြပေးသွားတာတွေကို အကြမ်းဖျင်း သဘောတရားအနေနဲ့ မှတ်ယူပြီး မိမိကြိုက်နှစ်သက်သလို ကိုယ်ပိုင်အရေးအသား ကိုယ်ပိုင်ပုံစံဖြင့် ပြန်လည်ကာ အသုံးချ ရေးသားနိုင်စေရန် ရည်ရွယ်ပါတယ်။ အားလုံးပဲ တန်ဖိုးရှိပြီး ထိရောက်မှုရှိတဲ့ Content များနှင့် Copy များကို ရေးသားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Reply

or to participate.