- αω essential 🗞️
- Posts
- Live ကနေဈေးရောင်းခြင်းရဲ့ အကျိုးကျေးဇူးများ
Live ကနေဈေးရောင်းခြင်းရဲ့ အကျိုးကျေးဇူးများ
🔎 Live လွှင့်ပြီး ဈေးရောင်းရင် ဘာအကျိုးတွေရှိလဲ
Live လွှင့်ပြီးဈေးရောင်းတာမျိုးကို အခုနောက်ပိုင်း အရင်ထက် ပိုလုပ်လာကြတာ အားလုံးသိမှာပါ။ တချို့လုပ်ငန်းတွေဆို အွန်လိုင်းကနေ Live လွှင့်ရောင်းချခြင်းကိုပဲ အဓိကအားဖြင့် လုပ်ကိုင်ကာ လုပ်ငန်းကိုလည်ပတ်လာကြပါတယ်။ အဲလိုမျိုး Live လွှင့်ပြီး ဈေးရောင်းချခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို အနည်းငယ် ရှင်းပြပေးချင်ပါတယ်။
✅ ပစ္စည်းများရောင်းချရာမှာ အရောင်းဖြစ်ဖို့ ပိုပြီးလွယ်ကူစေတယ်။ 🛒
• ပထမဆုံးအနေနဲ့ အကျိုးအရှိဆုံးနဲ့ အသိသာဆုံးအချက်ကိုပဲ အရင်ပြောပြပါရစေ။ Live လွှင့်ကာ ရောင်းချနေစဉ်အတွင်းမှာ ကြည့်ရှုနေသူ Viewer များအနေနဲ့ ရောင်းချလျက်ရှိတဲ့ ပစ္စည်းအကြောင်းကို ကောင်းစွာသိရှိနိုင်ကာ ဝယ်ယူရန် အဆင်ပြေ လွယ်ကူစေလို့ အရောင်းဖြစ်ဖို့အတွက် ပိုပြီး အထောက်အကူပြုပါတယ်။
✅ ကိုယ်ရောင်းမယ့် ပစ္စည်းတွေအကြောင်းကို သေသေချာချာ ရှင်းပြကာ မိတ်ဆက်နိုင်မယ်။ 🛍️
• Live လွှင့်နေစဉ်အတွင်း မိမိရဲ့ ရောင်းမယ့်ပစ္စည်းတွေကို တိုက်ရိုက်ပြသနိုင်ပြီး ကိုယ့်ပစ္စည်းရဲ့အကြောင်းတွေ၊ အသုံးပြုပုံတွေနှင့် ကောင်းကျိုးများကိုပါ သေချာ ရှင်းလင်းပြသနိုင်မှာဆိုတော့ Viewer တွေကနေ Customer ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းပိုပြီး များစေပါတယ်။
✅ Customer Service ပိုင်းမှာ များစွာအထောက်အကူပြုပြီး Customer စိတ်ကျေနပ်မှုကို ပိုပြီးရစေပါတယ်။ 🏆
• Viewer တွေအနေနဲ့ သူတို့စိတ်ဝင်စားတဲ့ ပစ္စည်းအကြောင်းကို တိုက်ရိုက်မေးနိုင်ပြီး သိလိုတာတွေကို ချက်ချင်းသိရှိနိုင်မှာဆိုတော့ စိတ်ကျေနပ်မှုကို ပိုပြီး ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
✅ Viewer တွေ Customer တွေနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မယ်။ 💖
• Live လွှင့်ရောင်းချတဲ့အခါမှာ ဈေးရောင်းတာမျိုး သက်သက်ကြီးမဟုတ်ပဲ ရယ်မောပျော်ရွှင်ဖွယ်ရာများနှင့် အခြားသော ဖျော်ဖြေတင်ဆက်မှုတွေကိုပါ လုပ်ပေးမယ်ဆိုရင် ကြည့်ရှုသူ Viewer ကနေ ဝယ်သူ Customer ဖြစ်စေမယ့်အပြင်ကိုမှ အမြဲပုံမှန်ဝယ်ယူတဲ့ ဖောက်သည်တစ်ဦး Loyal Customer ဖြစ်လာနိုင်ဖို့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေကို ရရှိနိုင်မှာပါ။
✅ နာမည်ကျော် Cele တွေ Influencer တွေနဲ့အတူ Live လွှင့်ခြင်းဖြင့် ပိုမိုလူသိများလာစေပြီး ဈေးကွက်ချဲ့ထွင်နိုင်မယ်။ 🌟
• ဒီနောက်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှ နာမည်ကြီးတဲ့ Influencer များ၊ အနုပညာရှင် Cele များနှင့်အတူ Live လွှင့်ကာ ကြော်ညာတာမျိုးတွေနဲ့ ဈေးရောင်းကာ ဖျော်ဖြေတင်ဆက်တာမျိုးတွေကို ယခင်ထက် ပိုပြီးလုပ်လာကြပါတယ်။ ဒါက ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို ပိုပြီးလူသိများစေကာ ရောင်းအားတက်စေပြီး ဈေးကွက်ချဲ့ထွင်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တာကြောင့် အကျိုးများစွာရှိစေပါတယ်။
ℹ️ အခုအပေါ်က ရှင်းလင်းဖော်ပြထားတဲ့ အချက်တွေက အွန်လိုင်းပေါ်မှ Live လွှင့်ကာ ဈေးရောင်းခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကို သိရှိနိုင်မှာဖြစ်သလို တစ်ဖက်ကနေလည်း ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိအောင် ဘယ်လိုမျိုး Live လွှင့်ကာ ဈေးရောင်းမလဲဆိုတာကို လမ်းညွှန်ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခု သတိပေးလိုတာက Live လွှင့်နေတဲ့အချိန်ဆိုတာက ကိုယ်နဲ့ ကိုယ့်လုပ်ငန်းရဲ့ Image အပေါ် အများကြီး သက်ရောက်မှုရှိစေတာဖြစ်လို့ ကြည့်ရှုသူတွေ စိတ်ပျက်သွားစေမယ့် အပြုအမူ အပြောအဆိုတွေကို လုံးဝ (လုံးဝ) မလုပ်မိဖို့ကို သတိပေးအကြံပြုလိုပါတယ်။
အွန်လိုင်းကနေ ဈေးရောင်းချသူတွေ အားလုံး ရောင်းအားတွေတက်ပြီး ချမ်းသာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏
αω™
Reply