- αω essential 🗞️
- Posts
- Steve Job ရခဲ့တဲ့ သင်ခန်းစာ
Steve Job ရခဲ့တဲ့ သင်ခန်းစာ
စကားလုံးများရဲ့ စွမ်းအင်
Steve Jobs က Apple ကိုဦးဆောင်ခဲ့တဲ့ချိန်မှာ အဖိုးတန်တဲ့ သင်ခန်းစာတစ်ခုကို ရရှိခဲ့ပါတယ်တဲ့။
"ကွန်ပြူတာတွေကို Marketing လုပ်ရာမှာ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို အရမ်းထည့်သွင်းဖော်ပြကြတယ်။ (Clock Speed ဘာညာ စသည်ဖြင့်)
အဲလိုအချက်အလက်တွေက ပုံမှန်အနေနဲ့ သာမန်သူတစ်ယောက်အဖို့ နားလည်ဖို့ရန် မလွယ်ကူနေပါဘူး။
လူတိုင်း မြင်လိုက်တာနဲ့ နားလည်လွယ်စေမယ့် စကားလုံးမျိုးကို ဒီနယ်ပယ်မှာ (Marketing Tech Gadgets) လိုအပ်ပါတယ်။"
iPod ကိုစပေါက်စေခဲ့တဲ့ ကြော်ညာစာသားလိုပေါ့။
"သင့်အိပ်ကပ်ထဲက သီချင်းပေါင်း ၁ ထောင်" (1,000 Songs. In Your Pocket.)
ကဲ! ဘယ်လောက်ရိုးရှင်းပြီး နားလည်လွယ်လိုက်တဲ့ စာသားတွေလဲ!
ℹ️ Key Takeway : သင့်ရဲ့ Audience နားလည်ရလွယ်စေမယ့် စကားလုံးအသုံးအနှုန်းတွေကို ရွေးချယ်ပါ။
#AlphaOmega #YourBusinessEssential
#marketingtips
Reply